1. /*Nav*/ .Navbar{ visibility:hidden; display:none; }

Tuesday, December 20, 2011

ကျောင်းသားကော်မတီ

ကျောင်းသားကော်မတီဖွဲ့စည်းပုံ---
၂၀၁၀-၁၀၁၁ ပညာသင်နှစ်မှ စတင်ပြီး ကျောင်းသားကော်မတီဖွဲ့စည်းခဲ့ပါသည်။ ဖွဲ့စည်းပုံမှာ ဦးဇင်းတို့ဘုန်တော်ကြီးသင်ကျောင်းသည် မူလတန်းကျောင်းဖြစ်ပြီး ကျောင်းသားကျောင်းသူ ဦးရေ ၂၇၅ ယောက်ခန့် နှစ်စဉ် ပညာသင်ကြားလျှက်ရှိသည်။ ထို့ကြောင်း သူင်ငယ်တန်း နှင့် ပထမတန်းမှ ကလေးများကို အသက်အရွယ်ငယ်လွန်းသောကြောင့် မရွေးချယ်ပဲ ဒုတိယတန်း၊ တတိယတန်း နှင့် စတုတ္ထတန်းတို့မှ အတန်းပိုင်းဆရာမများကို သင့်တော်သော ကျောင်းသားကျောင်းသူ တစ်တန်းလျှင် ၅ ယောက်နှုံးရွေးချစ်စေပါသည်။ ဆရာမများ ရွေးချယ်ပေးလိုက်သော ကျောင်းသား ကျောင်းသူ အားလုံးပေါင်း ၁၁၅ ယောက်ကို စာကြည့်တိုက်အပေါ်ထပ်မှာ စုဝေးစေပြီး အဆိုပါကျောင်းသား ကျောင်းသူ ၁၅ ယောက်လုံးကို ကျောင်းသားကော်မတီဖွဲ့စည်းမည်ဖြစ်ကြောင်းပြောပြပါသည်။ ကျောင်းသားကျောင်းသူများကလဲ တစ်ခါမှမလုပ်ဘူးသော အလုပ်ဖြစ်၍ စိတ်အားထက်သန်ပျော်ရွှင်နေကြသည်။ ကျောင်းသားကျောင်းသူ ၁၅ လုံး ၀ိုင်းထိုင်စေပြီး မိမိတို့ ၁၅ ယောက်ထည်းက မည်သူသည် ဥက္ကဋ္ဌဖြစ်ထိုက်သည်၊ မည်သူသည် ဒုတိယဥက္က၊ မည်သူကတော့ အတွင်းရေးမှူ၊ မည်သူက ဒုတိယအတွင်းရေးမှူးဖြစ်သင့်တယ် ဆိုတာကို သူတို့ချင်းချင်း တိုင်ပင်စေပါသည်၊ မိနစ် ၂၀ ခန့်တိုင်ပင်ဆေးနွေးပြီးသောအခါ ပထမဆုံး ဥက္ကဋ္ဌဖြစ်ထိုက်သူကို မဲစနစ်ဖြင့် ရွေးချယ်စေပါသည်၊ ၁၅ လုံးမဲပေးကြရသည်။ ကျောင်းအုပ်ဆရာတော်၊ သင်ကြားစီမံနှင့် ဆရာ ဆရာမများ လုံး၀၀င်ရောက်ပြောဆိုခွင့်မရှိပါ၊ ကလေးများကို လွတ်လပ်စွာဆွေးနွေးစေပြီး မဲပေးစေပါသည်။ မဲအများဆုံးရရှိသူကို ဥက္ကဋ္ဌအဖြစ်ရွေးချယ်လိုက်ပါသည်၊ ဥက္ကဋ္ဌအဖြစ်အရွေးခံရသူသည် မိန်းဖြစ်လေးဖြစ်ပါက အတွင်းရေးမှူးသည် ယောကျာ်းလေးဖြစ်ရမည်ဆိုတာကိုတော့ တာဝန်ရှိသူများကပြောပြပါသည်၊ နောက် အတွင်းရေးမှူးအတွက်လဲ ထိုနည်းတူ မဲစနစ်ဖြင့်ရွေးချယ်ကြပါသည်။ ထို့နောက် ဒုတိယ ဥက္ကဋ္ဌ နဲ့ ဒုတိယအတွင်းရေးမှူးတို့ကိုလဲ ရွေးချယ်စေပါသည်။ ကျောင်းသားကျောင်းသူ ၁၅ လုံးက ရွေးချယ်ပေးလိုက်သော ဥက္ကဋ္ဌ၊ ဒု=ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဒု-အတွင်းရေးမှူး ၄ ယောက်တို့ကို နိုင်ငံတော်အဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများမှာပြုလုပ်သကဲ့သို့ သင်ကြားစီမံဆရာတော်က ကျမ်းကျိန်ပြီး ဒုက္ကဋ္ဌ စသောရာထူးတို့ကို အပ်နှံပါသည်။ ကျန်ကျောင်းသားကျောင်းသူ ၁၁ ယောက်က အဖွဲံ့ဝင်ဖြစ်ပါသည်။ အားလုံးပျော်ရွှင်နေကြသည်၊ သင်ကြားစီမံဆရာတော်များက ကျောင်းသားကျောင်းသူ ၁၅ယောက်ကို အတန်းပိုင်ဆရာမများအား ရွေးချယ်ခိုင်းသည်မှာ အတန်းထဲကကလေးများရဲ့အခြေနေကို သင်ကြားစီမံဆရာတော်များထက် အတန်းပိုင်ဆရာမများက ပိုသိသောကြောင့်ဖြစ်ပါသည်။ သင်ကြားစီမံဆရာတော်များသည် အတန်းပိုင်ဆရာမများလောက် ကလေးများ၏အခြေနေကို မသိနိုင်၊ ထို့အတူ ကျောင်းသားကျောင်းသူ ၁၅ ကိုလဲ သူတို့အချင်းချင်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူးရာထူးတို့ကိုရွေးချယ်စေသည်မှာ ကျောင်းသူကျောင်းသားအချင်းချင်း၏ အားနည်းချက် အားသာချက်ကို ကျောင်းသူကျောင်းသားအချင်းချင်းက ပိုသိသောကြောင့်ဖြစ်ပါသည်။ နောက် သူတို့ကိုယ်တိုင်ရွေးချယ်သော ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့ကို သူတို့ကိုယ်တိုင်လေးစားရမည်ဖြစ်သောကြောင့်
ဖြစ်ပါသည်။

ရည်ရွယ်ချက်----
-ကလေးများသည် သူတို့ကိုယ်တိုင် ဤကျောင်းနှင့်ပတ်သက်တာကို စိတ်ဝင်စားစေရန်၊
-တာဝန်ယူလိုစိတ်ဖြစ်ပေါ်စေရန်
-ပြဿနာတစ်ခုကို စုပေါင်းဖြေရှင်းတတ်စေရန်
-ခေါင်းဆောင်မှုစွမ်းရည် မြင့်တက်စေရန်
-မူလတန်းမှသည် လူမှုနယ်ပယ်အထိ မိမိကိုယ်ကို ယုံကြည့်မှုရှိစေရန်

ကျောင်းအုပ်၊ သင်ကြားစီမံနှင့် ဆရာ ဆရာမများတာဝန်
တာဝန်ရှိသူများသည် ကျောင်းသားကျောင်းသူ ၁၅ ယောက်မှရွေးချယ်ပေးသော ဥက္ကဋ္ဌ စသော ကျောင်းသားကျောင်းသူနှင့် အဖွဲ့ဝင်များကို အစည်းဝေးမှတ်တမ်းများ၌ မှတ်တမ်းတင်ပေးထားပါသည်။ ကျောင်းသားကော်မတီသည် သီတင်းတစ်ပတ်ခြားအစည်းဝေးထိုင်ရပါသည်.စည်းဝေးချိန်တွင် အလှည့်ကျ ဆရာ ဆရာမ နှစ်ယောက်က ကျောင်းသားကော်မတီ၏ဆွေးနွေးချက်၊ တင်ပြချက်များကို မှတ်တမ်းတင်ရပါသည်၊ ၀င်ရောက်ပြောဆိုခွင့်မရှိပါ၊ သင်ကြားစီမံဆရာ ဆရာမများလဲ သီတင်တစ်ပတ်ခြားအစည်းဝေးထိုင်ရပါသည်၊
အုပ်ချုပ်ရေး သင်ကြားရေး စီမံခန့်ခွဲရေးတို့ကို ဆွေးနွေးကြည့်၊ ကျောင်းသားကော်မတီက တစ်ပတ် . သင်ကြားစီမံနှင့်ဆရာဆရာမများက တစ်ပတ်အစည်းဝေးထိုင်သောကြောင့် အပတ်စဉ်တိုင်း ကျောင်းစာကြည့်တိုက်ပေါ်တွင် အစည်းဝေးရှိပါသည်။

ကျောင်းသားကော်မတီ၏တာဝန်----
ကျောင်းသားကော်မတီသည် ကျောင်းဖွင့်ရက်နေ့စဉ် မနက် ၈ နာရီဆိုကျောင်းအရောက်လာကြရပါသည်၊ တံမြက်စည်းလှဲခြင်း ။ သောက်ရေးအိုး ရေဖြည့်ခြင်း၊ စာသင်များ သန့်ရှင်းရေးလုပ်များ ဆောင်ရွက်ကြရသည်၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့က ဦးဆောင်ရသည်၊ နေ့လည် ထမင်းစားကျောင်းဆင်း၍ ပြန်လာသောခါ အိမ်သားခန်းများကို သန့်ရှင်းရပါည်၊ လိုအပ်သောသောက်ရေအိုးကို ရေဖြည့်ကြသည်၊ ညနေ ကျောင်းဆင်းပြီး ၄ နာရီတွင် တဖန်း ကျောင်းစာသင်ခန်းများ၊ အိမ်သာများသန့်ရှင်းဆေးကြောကြ၍ စာသင့်ခုံးများ ထက်ချင်း . သုငယ်တန်းထိုင်ခုံများကို သိမ်းကြရပါသည်။ နောက် ကျောင်းသူကျောင်းသားအားလုံးထဲက တစ်ယောက်ယောက်နာမကျန်မှု ထိခိုက်မှုဖြစ်ပါက ဆေးတိုက် ဆေးထည့်ပေးကြပါသည်၊ ချစ်စရာကလေးများပါပေ။

မှတ်ချက်။။ ဥက္ကဋ္ဌစသောရာထူးကို အမြဲမပေးပါ။ ဥက္ကဋ္ဌစသောသူသည် တာဝန်ယူမှုမရှိခြင်း ဦးဆောင်မှု မပေးနိုင်ပါက ပြန်လည်ဖွဲ့စည်းစေပါသည။်

ဆင်းမင်းကျောင်းဆရာတော်ကြီးနှင့် ဆရာမများက ဆုရကျောင်းသားကျောင်းသူများအား ဆုလက်မှတ်ချီးမြှင့်စဉ်


ပညာရည်ချွန်ဆုပေးပွဲတွင် ကျောင်းသားကော်မတီဥက္ကဋ္ဌ အခမ်းအနားအစီအစဉ် ဖတ်ကြား


ပညာရည်ချွန်ဆုပေးပွဲအခမ်းနာ